Subscribe:

Pages

Featured Posts

  • သိပ်ချစ်တယ်

    ကျွန်မ ချစ်သူ ဘယ်သူဆိုတာကို ကမ္ဘာသိအောင် ကြေငြာပြဖို့ ကျွန်မ ဘယ်တုန်းကမှ မရှက်မကြောက်ခဲ့ဘူးသလို၊ သိပ်ချစ်ရတဲ့ ချစ်သူရှေ့မှောက် ဒူးထောက်ခစားရမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

  • ဦးမြင့်အောင်နှင့် ပတ်သက်၍

    ကျွန်တော့အတွက် တကယ်တမ်းလည်း ဦးမြင့်အောင် မလိုအပ်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဖေ တစ်ယောက်လို ကောင်းတဲ့ ဦးထွေး ရှိသလို၊ မအေတူ ဖအေကွဲ ညီလေး တစ်ယောက်နဲ့ ညီမလေး တစ်ယောက်လည်း ကျွန်တော့မှာ ရှိနေပြီပဲ။ . . .

  • Smart Manager: သင့်ရဲ့ Galaxy စမတ်ဖုန်းတွေကို အသစ်အတိုင်း ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတစ်ခု

    အသိဉာဏ်မြင့်ကိရိယာတွေ ပိုပြီး ပိုပြီး စွမ်းဆောင်လာနိုင်လေလေ၊ သင့်ရဲ့ ကိရိယာလေးကို အမြဲတမ်း အကောင်းဆုံးအနေအထားနဲ့ လုပ်ဆောင်နိုင်စွမ်းရှိနေဖို့ဆိုတာ ပိုပြီး အရေးပါလာလေလေ ပါပဲ။ ဆိုလိုချင်တာက ဘက်ထရီကြာကြာအသုံးခံနိုင်ဖို့လိုမယ်။...

  • သူတို့ပြောတဲ့ ရေပြာအိုင်ဆီ

    ဒီးဒုတ်ရေပြာအိုင်ဆိုတာ တောင်ပေါ်က ကျလာတဲ့ တောင်ကျချောင်းရေကနေ အဆင့်ဆင့် ကန်လေးတွေ ဖြစ်နေပြီး ထုံးဓါတ်ပါဝင်နေလို့ ရေက ပြာသလိုလို၊ စိမ်းသလိုလို ဖြစ်နေတဲ့ နေရာကို ပြောတာပါ။ ဒီနေရာမှာ လူပေါင်းစုံ အကြောင်းပေါင်းစုံနဲ့ လာကြတယ်။ ဒါပေမယ့် သေချာတာက အားလုံးစိတ်ထဲမှာ ပျော်ချင်လို့ အပန်းပြေချင်လို့ ဆိုတဲ့ စိတ်လေးတော့ တူညီစွာ ရှိနေကြတာပါပဲ။.....

  • လူသာအို လူပိုမဖြစ်စေတဲ့ အမေ့မေတ္တာသက်ကြွယ်ရိပ်မွန်

    "အိုမင်းသူများကို ကြင်နာခြင်းသည် သူတို့၏ ဘဝနေဝင်ချိန်ကို ထွန်းတောက်စေသည်။"...

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, October 24, 2016

နှစ်ပေါင်း (၉၀) ရှိတော့မယ့် "ဘဝသံသရာ" ရထားကူးတံတားဆီ


ခရီးသွားစာလေးတွေနဲ့ အဆက်ပြတ်နေတာ ကြာတော့ သွေးပူလေး ပြန်လုပ်တဲ့အနေနဲ့ ဒီစာလေး ရေးဖြစ်တာ။

ဒီတစ်ခေါက် ရှမ်းပြည်တောင်ပိုင်း က အလှဆုံးနေရာတွေ အကုန်ရောက်ခဲ့တယ်လို့ ဆိုရလောက်အောင် တော်တော်သွားဖြစ်ခဲ့တယ်ဗျာ။ အားလုံးကို တစ်ခါတည်း ရေးတာထက် တစ်နေရာချင်း၊ အစီအစဉ်တစ်ခုချင်းကို ပြည့်ပြည့်စုံစုံနဲ့ ဖြည်းဖြည်းချင်းပဲ ရေးတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။

ရှမ်းပြည်တောင်ပိုင်းကို ရောက်ဖြစ်တိုင်း အမြဲလိုလို ရောက်သွားတတ်တဲ့နေရာတစ်ခုက "ဘဝသံသရာ" တံတား ကိုပဲ။ သာစည် နဲ့ ရွှေညောင် ကြား မိုင်တိုင် (၃၇၉/၇-၈) မှာ ရှိတဲ့ ရထားအတွက် သုံးတဲ့ တံတားပါ။ တံတားအရှည်က ပေ (၂၀၀) ရှိပြီး အမြင့်က (၆၂) ပေ ရှိတယ်လို့ သိရပါတယ်။

Wednesday, September 14, 2016

ကလောမြို့ သီရိဂေဟာက ညီအစ်မ ၇ ဖော် နဲ့ တွေ့ဆုံရာဝယ်... ကိုကိုသီဟ လျှာလည်သွားတယ်

Thirigayhar Restaurant known as 7 Sisters


ကျန်ခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းက ကျွန်တော် ရှမ်းပြည်တောင်ပိုင်း နဲ့ ကယားပြည်ဘက် ခရီးထွက်တော့ ကလော မှာ နှစ်ရက် နေခွင့်ရပါတယ်။ ကလော က ရာသီဥတုလေးက အတော်လေး နေလို့ကောင်းတယ်။ ကျွန်တော့ရဲ့ မိတ်ဆွေ U U Yè Kalawthar ကလည်း သူ့ရဲ့ မအားလပ်တဲ့ Trekking Schedule တွေကြားကနေ တစ်ညထွက်လာပြီး ညစာကျွေးပါတယ်။ U U Yè Kalawthar က ခုနာမည်ရနေတဲ့ Trekking Guide တစ်ဦးပါ။ သူ့ရဲ့ စိတ်ရင်းစေတနာကောင်းမွန်မှု၊ ဧည့်သည်တွေအပေါ် စိတ်ရှည်ပြီး ချစ်ခင်နွေးထွေးမှုတွေကြောင့် သူနဲ့ Trekking ထွက်ကြတဲ့ ပြည်တွင်း၊ ပြည်ပ က ခရီးသွားတွေက သူ့ကို အမြဲချစ်ချင်နေကြပါတယ်။ တချို့ အသက်အရွယ်ရနေတဲ့ ပြည်ပခရီးသွားတွေဆို ပြန်ရင် ငိုတောင်ငိုတယ်လို့ ကြားဖူးတယ်။ ရေငတ်တုန်းရေတွင်းထဲကျတယ်ဆိုတာ ကျွန်တော် အဲ့ဒီညက ကောင်းကောင်းသိလိုက်ရတယ်။ ကျွန်တော် အရမ်းမြည်းစမ်းကြည့်ချင်နေတဲ့ Thirigayhar Restaurant known as 7 Sisters ဆိုင်မှာ သူက လိုက်ပြီး ကျွေးတာကိုး။

Tuesday, July 05, 2016

လှပတဲ့အပေါ်စီးရှုခင်းတွေကိုမြင်ရမယ့် The Penthouse

ဆိုင်အပြင်ဘက် Open Air အပြင်အဆင်

ကျွန်တော် နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တုန်းက ဌာနတစ်ခုလုံးအနေနဲ့ Team Lunch တွေ လစဉ် သွားကြတယ်။ ဌာနတစ်ခုလုံးဆိုလို့ ဆယ်ဂဏန်းမတွေးနဲ့ဦး။ အားလုံးပေါင်းမှ (၅) ယောက်တည်း။ အဲဒီတော့ နေ့လည်စာသွားစားရင် ရှယ်စားကြတယ်ပေါ့နော်။

ဒီတစ်ခါတော့ သိပ်မရင်းနှီးသေးတဲ့ စားသောက်ဆိုင်အသစ်လေးကို သွားဖို့ ဖြစ်လာတယ်။ မြေနီကုန်း၊ ပန်းခြံလမ်းနား၊ My Hotel ရဲ့ ဘေးက Business Tower ကြီးတစ်ခုရဲ့ အပေါ်ဆုံး ခေါင်မိုးထပ်မှာဖွင့်ထားတဲ့ ဆိုင်လှလှလေးတစ်ခု။ The Penthouse ဆိုတဲ့ ဆိုင်သစ်လေးကို သွားကြတယ်။ သူ့ရဲ့ အပြင်အဆင်က နိုင်ငံခြားသားတွေကို ပိုပြီး ဆွဲဆောင်ထားပုံရတယ်။ ရိုးရှင်းပေမယ့် လှပသပ်ရပ်တယ်။ အပြင်ဘက်မှာ ထိုင်လို့ရသလို၊ အတွင်းဘက်မှာလည်း အဲကွန်းလေးနဲ့ ထိုင်နိုင်တယ်။ ဘားကောင်တာကိုတော့ အတွင်းဘက်မှာ အဓိက စီစဉ်ပေးထားပြီး ပွဲတွေဘာတွေရှိရင် အဆင်ပြေအောင်ထင်ပါရဲ့ အပြင်မှာလည်း ဘားကောင်တာ အသေးလေးတွေ ကြိုစီစဉ်ထားတာတွေ့တယ်။ ကျွန်တော်တို့က နေ့လည်စာ စားတာဆိုတော့ အပြင် Open Air ရာသီဥတုနဲ့က မတည့်ဘူးလေ။ ဒီတော့ အတွင်းပိုင်း ဆိုင်အပြင်အဆင်လေးတွေကိုပဲ ခံစားရင်း စားကြရတယ်။ ညနေပိုင်းဆိုရင်တော့ တော်လှန်ရေးပန်းခြံရဲ့ အလှကို မြင်ရတယ်။

Saturday, July 02, 2016

Be Right Back to say "Hello, Vietnam"

ကျွန်တော့ရဲ့ ခရီးသွားစာမျက်နှာ (www.facebook.com/travellerthiha) ထက်မှာ အကြွေးတင်နေတာလေးတစ်ခုက ဗီယက်နမ်ခရီးစဉ်တွဲထဲမှာ ဟိုချီမင်း (HCMC) မှာ လည်ပတ်တဲ့ အကြောင်းလေး ဖော်ပြပေးဖို့ပါ။
ကျွန်တော်လည်း ဒီတလော စာရေးတဲ့ဘက်ကို အာရုံဘယ်လိုမှ စိုက်မရလောက်အောင်ဖြစ်နေလို့ ဒါလေးကို ဒီအတိုင်းလေး ထားထားလိုက်မိတယ်။
ခု မထင်မှတ်ဘဲ ဗီယက်နမ်ခရီးစဉ်ကို အတူသွားတဲ့ မိတ်ဆွေတွေက ဗီဒီယိုဖိုင်လေးကို အမှတ်တရ လုပ်လာပေးတော့... ဒါလေးကိုပဲ အမှတ်တရအနေနဲ့ရော၊ မှတ်တမ်းလေးတစ်ခုအနေနဲ့ပါ စာမျက်နှာလေးပေါ် တင်ထားလိုက်တယ်။
ဗီဒီယိုလေးကို ရိုက်ကူးတည်းဖြတ်ပေးတဲ့ ချစ်သွေးကို ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုမှာ နောက်ခံစကားပြောထားတာကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။

သီဟလုလင်
၁ ဇူလိုင်လ ၂၀၁၆

Wednesday, June 29, 2016

လှည်းကူးဘက်က ထူးခြားအသားဟင်းတွေရောင်းတဲ့ဆိုင်

ကိုကြီးကျော်ရဲ့ ပွင့်ဦးသစ္စာ ထန်းရည်ဆိုင် ရဲ့ မျက်နှာစာ

ဒီနေ့ ကျွန်တော်တော့ အလုပ်ကိစ္စနဲ့ လှည်းကူး ဘက်ရောက်လာတယ်။ ဒီဘက်ရောက်တော့ "ထူးထူးခြားခြားအကောင်သားလေးတွေနဲ့ ထန်းရည် ရောင်းတဲ့နေရာကိုသိတယ်။ နေ့လည်စာစားမလား" ဆိုလို့ စီစဉ်ပေးသူတွေနောက် လိုက်လာခဲ့လို့ ဒီစားသောက်ဆိုင်လေးကို ရောက်ဖြစ်ခဲ့တာပါ။

Tuesday, June 28, 2016

ဘန်ကောက်ကို ဈေးသက်သက်သာသာ သွားဖို့ အခွင့်အရေး ပိုများလာပြီ

Thai Loin Air မိတ်ဆက်ပွဲ အခမ်းအနားမှ

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဈေးနှုန်းချိုသာတဲ့ ဘက်ဂျက်လေကြောင်းလိုင်းတွေ ဒီနှစ်ပိုင်းတွေမှာ ပိုပြီး ဝင်လာတာ သတိပြုမိပါတယ်။ ခရီးသွားလာမှု အရမ်းတိုးတက်လာတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ လေယာဉ်ခ သက်သက်သာသာ နဲ့ သွားရတော့ ဟိုမှာ ပိုပြီး သုံးနိုင်တာပေါ့။ အထူးသဖြင့် မျှော်လင့်မိတာကလည်း ဘန်ကောက်၊ စင်ကာပူ တို့ ဆို မဆိုးဘူးလေ။ ခုလည်း လေယာဉ်စီးလို့ ခရီးသွားရင် မန္တလေး နဲ့ ဘန်ကောက် ယှဉ်ရွေးလို့ ရနေပြီ။ လေယာဉ်ခလည်း ပိုသက်သာမယ်၊ လေယာဉ်စီးချိန်လည်း ပိုနည်းတဲ့ ဘန်ကောက်ကိုပဲ ကျွန်တော်က အရင်စဉ်းစားမိသွားတယ်။ ဘန်ကောက်က ပျော်စရာများတယ်လေ။ အရင်ကတော့ ဗီဇာကြေးလေး ထပ်ပေါင်းထည့်ရသေးတယ်။ ခုတော့ မလိုတော့ဘူးဆိုတော့ ဘန်ကောက်ပဲ ရွေးချယ်မိပြန်တယ်။ သွားရေးလာရေး လွယ်ကူတာ၊ ငွေကုန်ကြေးကျ သက်သာတာအပြင်၊ ဟိုတယ်ခကအစ သက်သာလို့ ဘန်ကောက်သွားရတာ ကျွန်တော်တော့ ကြိုက်တယ်။ Shopping နဲ့ တခြားပျော်စရာတွေ အသုံးကောင်းလို့ ကုန်တာကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်နော်။

Monday, June 27, 2016

Pizza Company ရဲ့ တတိယမြောက် ဆိုင်ခွဲသစ် ဖွင့်ပွဲဆီ...

The Pizza Company မြန်မာပလာဇာ ဆိုင်ခွဲသစ်ရဲ့ အပြင်အဆင်

ကျွန်တော်တာဝန်ပူးတွဲယူနေတဲ့ Foodaholic Myanmar Page Admin တွေ အတွက် ဖိတ်စာရောက်နေတာ ကြာပြီ။ မနက် အိပ်ရာနိုးမှ ကောက်ခါငင်ကာ သတိရသွားတတ်တာ ကျွန်တော့ရဲ့ အကျင့်။
ဒီနေ့ မြန်မာပလာဇာ၊ တတိယထပ်မှာ The Pizza Company ဆိုင်ခွဲသစ်ဖွင့်ပွဲ ရှိတယ်ဆိုတာ သတိရမိချိန်က နေ့လည် ၁၀ နာရီကျော်နေပြီ။ ပွဲက ၁၁ နာရီမှ စမှာမို့ ကမန်းကတန်း မောင်းပြေးရတယ်။ နောက် သူငယ်ချင်း Admin တစ်ဦးကိုလည်း လာနေပြီလား ဖုန်းဆက်မှ ပွဲက ဘယ်အချိန်လဲတဲ့။ ဒါဆိုလည်း ချိန်းဖို့ မမီနိုင်တော့လို့ တစ်ယောက်တည်း ဒိုးလိုက်တော့မယ်ဆိုပြီး ကျွန်တော်ပဲ ထွက်လာခဲ့လိုက်တယ်။ မနက် ၁၁ နာရီဝန်းကျင်ဆိုတော့ ကားတော့ အတော်ရှင်းသား။


Saturday, June 18, 2016

အငှားပြုံး


အလွမ်းတွေ နေဝင်သင့်ပြီ။
အရင်လို ပြာလွင်တဲ့ ငါ့မိုးကောင်းကင်လေး ဘယ်မှာ...


တင်းလွန်းခဲ့လို့ပြတ်တဲ့ကြိုး
ချစ်လွန်းခဲ့လို့ ဒါဏ်ရာတိုး


ဝေးဖိုနီးခဲ့လေတော့
ရင်နာပေမယ့် အားတင်းကာပြုံးလိုက်နိုင်ဖို့
ဒီတစ်ခါလမ်းကြုံရင်လေ
အဲဒီအပြုံးလေး အပြီးငှားလိုက်စေချင်လို့...


သီဟလုလင်
17 June 2013