
Thursday, October 03, 2013
Saturday, March 09, 2013
ကျွန်တော့ရင်ဘတ်က အချစ် "ပိုး"

တစ်နေ့ထက် တစ်နေ့ တိုးလို့ ကိုက်ခဲ
ဆေးသောက်မပျောက်တဲ့ ငါ့ရင်ဘတ်ထဲ...
တဆစ်ဆစ်နဲ့ ငြိလို့တွယ်လည်း...
ငါလေ ပျော်ရွှင် မျှော်လင့်ခဲ့တယ်
ဒီမောင့် ရင်သည်း အချစ် ပိုး ရယ်...
မမြင်ရ မနေနိုင် မော်ဖူးရတဲ့ မျက်နှာလေးရယ်
မဖတ်ရ မနေနိုင်တဲ့ သူရေးတဲ့ စာတိုတွေရယ်
အချိန်တိုင်းမှာ ဒီ ပိုး က တိုးလို့တွယ်တယ်
တယ်လည်းခက်တဲ့ သံယောဇဉ်ငယ်
ရင်ဘတ်ထဲက အချစ် ပိုး
သတ်ပစ်ဖို့လည်း ခက်ပြီမို့...
ဒီမောင်တော့ ရူးရမယ်
အလွမ်း ပိုး တော့ မဖြစ်လိုက်ပါနဲ့ကွယ်...
ဆေးသောက်မပျောက်တဲ့ ငါ့ရင်ဘတ်ထဲ...
တဆစ်ဆစ်နဲ့ ငြိလို့တွယ်လည်း...
ငါလေ ပျော်ရွှင် မျှော်လင့်ခဲ့တယ်
ဒီမောင့် ရင်သည်း အချစ် ပိုး ရယ်...
မမြင်ရ မနေနိုင် မော်ဖူးရတဲ့ မျက်နှာလေးရယ်
မဖတ်ရ မနေနိုင်တဲ့ သူရေးတဲ့ စာတိုတွေရယ်
အချိန်တိုင်းမှာ ဒီ ပိုး က တိုးလို့တွယ်တယ်
တယ်လည်းခက်တဲ့ သံယောဇဉ်ငယ်
ရင်ဘတ်ထဲက အချစ် ပိုး
သတ်ပစ်ဖို့လည်း ခက်ပြီမို့...
ဒီမောင်တော့ ရူးရမယ်
အလွမ်း ပိုး တော့ မဖြစ်လိုက်ပါနဲ့ကွယ်...
သီဟလုလင်
၇ မတ် ၂၀၁၃
Labels:
Poems
Saturday, March 02, 2013
နားဆင်ချင်စရာ

ပုံမှန်လိုလိုတောင် ဖြစ်နေပြီ ကျွန်တော် ဒီ Music Review လေးကို ကျွန်တော့ Blog ပေါ်မှာ တင်ဖြစ်နေတာ။ အဓိကကတော့ စာရွက်တွေပေါ်မှာ ရှိနေတဲ့ ကျွန်တော့ စာလေးတွေကို လေလှိုင်းထက်မှာလည်း တင်ထားချင်လို့ပါ။
ဒီကနေ့လည်း နိုင်ငံတကာ တေးအယ်လ်ဘမ်လေး နှစ်ခု အကြောင်း တင်ပြချင်ပါသေးတယ်။ ဒီကဏ္ဍကို The Chic အပါအဝင် မဂ္ဂဇင်းတွေမှာ ရေးသားနိုင်ဖို့အတွက် ကျွန်တော့ကို အမြဲတစေ ပံ့ပိုးကူညီတဲ့ CDII (S N' W) တေးထုတ်လုပ်ရေးကို ကျေးဇူးအထူးတင်ပါတယ်။
Unorthodox Jukebox (BRUNO MARS)
ဂီတအမျိုးအစား - Pop, R&B, Soul, Rock, Reggae
လူကြိုက်များသည့် သီချင်းများ - When I Was Your Man,
Locked Out Of Heaven
မြန်မာတေးပရိတ်သတ်တွေ သဘောကျကြတဲ့
တေးသံရှင်တစ်ဦး Bruno Mars ကတော့ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ဖြန့်ချိလိုက်ပါပြီ။
ပထမဆုံးတေးအယ်လ်ဘမ် Doo-Wops & Hooligans ကို ၂၀၁၀ ခုနှစ်က ဖြန့်ချိခဲ့တာမို့ အချိန်
နှစ်နှစ်လောက်ယူပြီး ပြင်ဆင်ခဲ့တဲ့ တေးအယ်လ်ဘမ်လို့ ဆိုနိုင်ပါတယ်။ ဒီတေးအယ်လ်ဘမ်လေးကို
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး၊ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့
Locked Out Of Heaven သီချင်းကြောင့် တေးပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိခဲ့တယ်လို့
ဆိုနိုင်ပါတယ်။ ပါဝင်တဲ့ သီချင်းပုဒ်ရေ နည်းပါးတာကတော့ အားမရချင်စရာပါပဲ။ သီချင်းစုစုပေါင်း
(၁၀) ပုဒ်တည်း ပါဝင်ထားပါတယ်။ သီချင်းအမျိုးအစားကတော့ အမျိုးသား၊ အမျိုးသမီး မရွေး၊
အသက်အရွယ်မရွေး ခံစားလို့ကောင်းမယ့် ပုံစံလေးတွေမို့လည်း အောင်မြင်တာလို့ ဆိုနိုင်မှာပါ။
ဒီတေးအယ်လ်ဘမ်လေးဟာလည်း ဂီတထိပ်တန်းစာရင်းအတော်များများမှာ နံပါတ် တစ် နဲ့ နှစ် နေရာတွေမှာ
အများစု ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ UK Albums Chart, Swiss Albums Chart,
Australian Albums Chart တွေမှာ နံပါတ် တစ် နေရာ နဲ့ US Billboard 200, South
Korean Albums Chart, Hungarian Albums Chart, Canadian Albums Chart တွေမှာ နံပါတ်
နှစ် နေရာ တွေ အသီးသီး ရရှိထားတာမို့ မြည်းစမ်းနားထောင်ချင်စရာ တေးအယ်လ်ဘမ်ကြီးပဲဖြစ်ပါတယ်။
မကြာခင်များနောက်ထပ် Deluxe Version အယ်လ်ဘမ်ထွက်လာဦးမလားလို့တော့ ထင်ရပေမယ့် လက်ရှိ
ဒီအနေအထားနဲ့လည်း တော်တော်လေး အားရစရာ တေးသီချင်းတွေ ပါဝင်နေပါတယ်။ ပထမဆုံး ကြားကြရမယ့်
Young Girls ဟာလည်း အောင်မြင်စ ပြုနေပြီး ခုလက်ရှိ နာမည်ကြီးနေတဲ့ Locked Out Of
Heaven ကို ဒုတိယသီချင်းအဖြစ် ခံစားရမှာပါ။ နောက်ထပ် နာမည်ကြီးနေတဲ့ When I Was
Your Man ဆိုတဲ့ အချစ်သီချင်းလေးကို တေးအယ်လ်ဘမ်ရဲ့ တစ်ဝက်လောက်မှာ နားဆင်ရမှာဖြစ်ပြီး
အချစ်သီချင်းကောင်းများစွာ ပါဝင်တာမို့ မြည်းစမ်းကြည့်နိုင်ပါတယ်။
Unapologetic (RIHANNA)
ဂီတအမျိုးအစား - Pop, EDM, Dubstep
လူကြိုက်များသည့် သီချင်းများ - Diamonds, Stay, Pour It
Up
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ
၁၉ ရက်နေ့ကစတင်ဖြန့်ချိခဲ့ပြီး ဒီကို ရက်ပိုင်းအတွင်းကမှ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် R&B
တေးသံရှင်မလေး Rihanna ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကို ၂၀၁၂ ခုနှစ်
ဇွန်လကနေ နိုဝင်ဘာလအတွင်း အသံသွင်းယူခဲ့တာဖြစ်ပြီး၊ခေါင်းစီးလေးကအစ ဆွဲဆောင်မှုရှိအောင်
ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ် မထွက်ခင်ကတည်းက အောင်မြင်နေနှင့်ပြီးဖြစ်တဲ့ Diamonds သီချင်းကြောင့်လည်း
ဒီတေးအယ်လ်ဘမ်ကို ပရိတ်သတ်တွေ ပိုမို ဝယ်ယူဖို့ အကြောင်းဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားတာကတော့
ဒီတေးအယ်လ်ဘမ်ထဲမှာ သူမရဲ့ ချစ်သူဟောင်း Chris Brown ကို ပါဝင်ကူညီသီဆိုစေခဲ့တာပါပဲ။
Chris Brown နဲ့ Nobody’s Business သီချင်းကို သီဆိုထားသလို၊ Eminem နဲ့လည်း Numb,
David Guetta နဲ့ Right Now, Mikky Ekko နဲ့ Stay, Future နဲ့ Loveeeee Song သီချင်းတွေကို
အသီးသီး တွဲဖက်သီဆိုထားပါတယ်။ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ထားပြီး အဲဒီ သီချင်းတွေထဲက
Diamonds ကတော့ လက်ရှိ ဦးဆောင် အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဆိုကဝေမ တစ်ဦးဖြစ်သလို
အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Rihanna က ဒီအယ်လ်ဘမ်လေး
ထုတ်ဝေလိုက်ချိန်မှာလည်း US Billboard 200, US Top R&B/Hip-Hop Albums, UK
R&B Albums Chart, UK Album Chart, Swiss Albums Chart, Norwegian Albums
Chart, Irish Albums Chart, Canadian Albums Chart, Australian Urban Albums
Charts စတဲ့ ဂီတစာရင်းတွေမှာ နံပါတ် တစ် ရရှိနေတဲ့ အယ်လ်ဘမ်ဖြစ်လို့လည်း အထူးပြောစရာတောင်
မလိုပါဘူး။ သီချင်းကောင်းလေးများစွာ ပါဝင်ထားသလို စုံတွဲသီချင်းတွေလည်း ထူးခြားကောင်းမွန်နေတာမို့လို့
Rihanna ပရိတ်သတ်တိုင်း ဝယ်ယူနားဆင်သိမ်းဆည်းထားသင့်တဲ့ တေးအယ်လ်ဘမ် တစ်ချပ်ပဲဖြစ်ပါတော့တယ်။
သီဟလုလင်
Labels:
Music Album Reviews
Saturday, February 23, 2013
နားဆင်ချင်စရာ

ဒီကနေ့ရဲ့ နားဆင်ချင်စရာ အဖြစ် နိုင်ငံတကာ သီချင်းအယ်လ်ဘမ်လေး နှစ်ခုကို ထပ်မံလို့ ကျွန်တော် ရွေးနုတ်တင်ပြပေးချင်ပါတယ်။ ဒီကဏ္ဍလေးအတွက် ကျွန်တော့ကို သီချင်းအယ်လ်ဘမ်များ အမြဲတစေ မညီးမညူ ပံ့ပိုးပေးတတ်တဲ့ S N' W (CDII) တေးထုတ်လုပ်ရေးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။
Prestige (DADDY YANKEE)
ဂီတအမျိုးအစား - Reggaeton, Hip Hop, Latin Rap
လူကြိုက်များသည့် သီချင်းများ - Ven Conmigo, Lovumba,
Pasarela
သီချင်းမြူုးမြူးလေးတွေနဲ့
လူငယ်တွေကို ဖမ်းစားတတ်တဲ့ Daddy Yankee ရဲ့ တေးအယ်လ်ဘမ်အသစ်လေးပါ။ ၆ ခုမြောက် တစ်ကိုယ်တော်
တေးအယ်လ်ဘမ်လေးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး
ဒီကို အရောက်အပေါက်နည်းတဲ့ Daddy Yankee ရဲ့ တေးအယ်လ်ဘမ်တွေထဲက တစ်ချပ်လို့ ဆိုချင်ပါတယ်။
ဒီတေးအယ်လ်ဘမ်ကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ စတင်ဖြန့်ချိပြီးတဲ့ တစ်နာရီ အတွင်းကိုပဲ
US, Colombia နဲ့ Venezuela နိုင်ငံတွေရဲ့ iTunes Store တွေမှာ နံပါတ် တစ် အဖြစ် အဖော်ပြခံခဲ့ရတဲ့
တေးအယ်လ်ဘမ်ပါ။ အခြားနိုင်ငံတွေမှာလည်း ထိပ်တန်း ၁၀ စာရင်းဝင်ခဲ့ပါသေးတယ်။ သီချင်း
(၁၇) ပုဒ် ထည့်သွင်းပေးထားတာကတော့ နားဆင်သူပရိတ်သတ်ကို အားရကျေနပ်စေတာပါပဲ။ J
Alvarez, Natalia Jimenez, De La Ghetto, Nengo Flow, Arcangel, Farruko, Baby
Rasta & Gringo, Alex Kyza, Kendo Kaponi, Randy, Price Royce စတဲ့ ဂီတမောင်နှမ
များက ဒီတေးအယ်လ်ဘမ်ထဲက သီချင်းအချို့မှာ ပါဝင်ကူညီ အားဖြည့်ထားပါသေးတယ်။ သီချင်းအများစုကတော့
ကခုန်ချင်စရာလေးတွေဖြစ်ပြီး Ven Conmigo, Lovumba, Pasarela, Limbo, Perros
Salvajes သီချင်းတွေက လူငယ်ထုကြားမှာ ရေပန်းစား အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။
ဒီတေးအယ်လ်ဘမ်ဟာ Daddy Yankee ပရိတ်သတ်တွေ အတွက် မျှော်ရကျိုးနပ်တယ်လို့ ဆိုချင်ပါတယ်။
ခုလက်ရှိ ပြန်လည်အောင်မြင်နေတဲ့ သီချင်းလေးတွေထဲက တချို့ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလလောက်ကတည်းက
စင်ဂယ်လ်အဖြစ် ထွက်ရှိအောင်မြင်ပြီးသားတွေ ဖြစ်ပြီး ခုတစ်ကိုယ်တော်အယ်လ်ဘမ်ကြီးထဲမှာ
ပြန်လည်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနှစ်သက်ကြတဲ့ လူငယ်တိုင်း
ရင်ခုန်နိုင်မယ့်တေးအယ်လ်ဘမ်ပါ။
Unapologetic (RIHANNA)
ဂီတအမျိုးအစား - Pop, EDM, Dubstep
လူကြိုက်များသည့် သီချင်းများ - Diamonds, Stay, Pour It
Up
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ
၁၉ ရက်နေ့ကစတင်ဖြန့်ချိခဲ့ပြီး ဒီကို ရက်ပိုင်းအတွင်းကမှ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် R&B
တေးသံရှင်မလေး Rihanna ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကို ၂၀၁၂ ခုနှစ်
ဇွန်လကနေ နိုဝင်ဘာလအတွင်း အသံသွင်းယူခဲ့တာဖြစ်ပြီး၊ခေါင်းစီးလေးကအစ ဆွဲဆောင်မှုရှိအောင်
ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ် မထွက်ခင်ကတည်းက အောင်မြင်နေနှင့်ပြီးဖြစ်တဲ့ Diamonds သီချင်းကြောင့်လည်း
ဒီတေးအယ်လ်ဘမ်ကို ပရိတ်သတ်တွေ ပိုမို ဝယ်ယူဖို့ အကြောင်းဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားတာကတော့
ဒီတေးအယ်လ်ဘမ်ထဲမှာ သူမရဲ့ ချစ်သူဟောင်း Chris Brown ကို ပါဝင်ကူညီသီဆိုစေခဲ့တာပါပဲ။
Chris Brown နဲ့ Nobody’s Business သီချင်းကို သီဆိုထားသလို၊ Eminem နဲ့လည်း Numb,
David Guetta နဲ့ Right Now, Mikky Ekko နဲ့ Stay, Future နဲ့ Loveeeee Song သီချင်းတွေကို
အသီးသီး တွဲဖက်သီဆိုထားပါတယ်။ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ထားပြီး အဲဒီ သီချင်းတွေထဲက
Diamonds ကတော့ လက်ရှိ ဦးဆောင် အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဆိုကဝေမ တစ်ဦးဖြစ်သလို
အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Rihanna က ဒီအယ်လ်ဘမ်လေး
ထုတ်ဝေလိုက်ချိန်မှာလည်း US Billboard 200, US Top R&B/Hip-Hop Albums, UK
R&B Albums Chart, UK Album Chart, Swiss Albums Chart, Norwegian Albums
Chart, Irish Albums Chart, Canadian Albums Chart, Australian Urban Albums
Charts စတဲ့ ဂီတစာရင်းတွေမှာ နံပါတ် တစ် ရရှိနေတဲ့ အယ်လ်ဘမ်ဖြစ်လို့လည်း အထူးပြောစရာတောင်
မလိုပါဘူး။ သီချင်းကောင်းလေးများစွာ ပါဝင်ထားသလို စုံတွဲသီချင်းတွေလည်း ထူးခြားကောင်းမွန်နေတာမို့လို့
Rihanna ပရိတ်သတ်တိုင်း ဝယ်ယူနားဆင်သိမ်းဆည်းထားသင့်တဲ့ တေးအယ်လ်ဘမ် တစ်ချပ်ပဲဖြစ်ပါတော့တယ်။
သီဟလုလင်
Labels:
Music Album Reviews
Saturday, February 16, 2013
နားဆင်ချင်စရာ

ဒီတစ်လောတော့ အမြဲလိုလို Music Review စာလေးတွေကို ပြန်စုစည်းပြီး တင်ပေးဖြစ်နေတယ်။ ကျွန်တော့ Blog လေးကို ပစ်ထားခဲ့တာလည်း ကြာပြီဆိုတော့ နည်းနည်းလေး ပြန်ပြီး လှုပ်လှုပ်ရှားရှားလေး ဖြစ်စေ ချင်လို့ပါ။ ကျွန်တော်က အမြဲလိုလို ဒီလိုစာလေးတွေကို The Chic မဂ္ဂဇင်းအတွက် ရေးပေးဖြစ်နေပါတယ်။ အရင်ကတော့ မဂ္ဂဇင်းတော်တော်များများမှာ ရေးသေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်တော့ဘဲ ခု ဒီ The Chic မဂ္ဂဇင်းတစ်ခုမှာပဲ ဆက်ရေးဖြစ်သွားတယ် ဆိုရမှာပဲ။
ဒီနေ့လည်း နိုင်ငံတကာ အယ်လ်ဘမ် နှစ်ခု အကြောင်း တင်ဖြစ်သွားပြန်ပါပြီ။ ဒီအကြောင်းတွေကိုလည်း The Chic မဂ္ဂဇင်းမှာ ဖော်ပြပြီးသားပါ။ ကျွန်တော့ Blog မှာ ပြန်ပြီး သိမ်းတဲ့အနေနဲ့ တင်ဖြစ်သွားတာပါ။ ဒီကဏ္ဍ အတွက် ကျွန်တော့ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့တဲ့ S N' W တေးထုတ်လုပ်ရေး CDII က ဦးစိုးအောင် နဲ့ မိသားစု၊ မသီတာ တို့ကို အထူး ကျေးဇူးတင်ရှိပါတယ်။
Kiss (CARLY RAE JEPSEN)
Call Me Maybe သီချင်းနဲ့
တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်အားပေးနေကြတဲ့ တေးသံရှင်မလေး Carly Rae Jepsen ရဲ့ Call
Me Maybe သီချင်းပါဝင်တဲ့ တေးအယ်လ်ဘမ် Kiss ဖြစ်ပါတယ်။ လူငယ်ပီပီ လူငယ်ကြိုက်သီချင်းပုံစံလေးတွေ
ဖြစ်တဲ့ Dance-Pop ဂီတပုံစံလေးတွေကို ရွေးချယ်သီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်ကို စက်တင်ဘာလ
(၁၄) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး သီချင်းစုစုပေါင်း (၁၆) ပုဒ် ပါဝင်ထားပါတယ်။ သီချင်း
(၁၆) ပုဒ်ထဲက နောက်ဆုံး (၃) ပုဒ်ဖြစ်တဲ့ Wrong Feels So Right, Sweetie နဲ့ I know
you have a girlfriend သီချင်းတွေကတော့ အပိုလက်ဆောင်ထည့်ပေးထားတဲ့ Bonus Track တွေပဲဖြစ်ပါတယ်။
ဒီတေးအယ်လ်ဘမ်မှာ ထူးထူးခြားခြား Justin Biber နဲ့ Owl City တို့က စုံတွဲသီချင်းတွေ
တွဲဖက်သီဆိုပေးထားပါသေးတယ်။ ဒါကြောင့်လည်း လူငယ်တွေကြားမှာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။
Owl City နဲ့ Good Time သီချင်းမှာ အတွဲညီညီ သီဆိုခဲ့တာမို့ လက်တလော လူကြိုက်များနေပြီး
Justin Bieber နဲ့ Beautiful ဆိုတဲ့ သီချင်းကို စုံတွဲသီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ
ခေါင်းစီးသီချင်း အနေနဲ့ ပါဝင်လာခြင်းမရှိဘဲ။ နီးနီးစပ်စပ်အဖြစ် This Kiss ဆိုတဲ့ သီချင်းတော့
ပါဝင်လာပါတယ်။ ဒီသီချင်းဟာ Call Me Maybe နဲ့ Good Time အပြီး တတိယမြောက်အဖြစ် တစ်ပုဒ်ချင်းစင်ဂယ်လ်သီချင်း
ထွက်ရှိနိုင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ဒီနှစ်အတွင်းမှာပဲ EP အဖြစ်ထွက်ရှိခဲ့တဲ့
Curiosity တေးအယ်လ်ဘမ် ရဲ့ အဆက်အဖြစ်ထွက်ရှိခဲ့တာဖြစ်ပြီး ဒီခေါင်းစီးသီချင်းလေးလည်း
ဒီဘက်ခွေထဲမှာ ပြန်လို့ ပါဝင်လာပါတယ်။ ဒီတေးအယ်လ်ဘမ်ကိုတော့ သူမက Studio Album အဖြစ်
ခေါ်ဝေါ်သမုတ်ထားပါတယ်။ သီချင်းကောင်းလေးတွေများစွာ ပါဝင်လို့ ဒီတေးအယ်လ်ဘမ်ဟာ US
Billboard 200 စာရင်းမှာ နံပါတ် (၆) နဲ့ UK Album Chart စာရင်းမှာ နံပါတ် (၉) နေရာတွေ
အသီးသီး ရရှိထားတာ တွေ့ရပါတယ်။ သီချင်းအဆိုကောင်း၊ အရေးကောင်းတဲ့ အနုပညာရှင်လက်သစ်လေးရဲ့
ထူးခြားကောင်းမွန်ပြီး လူငယ်ဆန်တဲ့ တေးအယ်လ်ဘမ်လေးကို နားဆင်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
Kiss (CARLY RAE JEPSEN) Album
Mini-Info
|
|
ဂီတအမျိုးအစား
|
Pop,
Dance-Pop, Disco-Pop
|
လူကြိုက်များသည့်သီချင်းများ
|
1.
Call Me Maybe
2.
Good Time
3.
Beautiful
|
Truth Be Told Part 1(GREYSON CHANCE)
ဂီတအမျိုးအစား - Pop, Pop Rock
လူကြိုက်များသည့် သီချင်းများ - Sunshine & City
Lights, You Might Be The One
အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေကြတဲ့
ကမ္ဘာကျော်တေးသံရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Greyson Chance ရဲ့ တေးအယ်လ်ဘမ်အသစ်ပါ။ ဒီတေးအယ်လ်ဘမ်ကတော့
Part 1, Part 2 ဆိုပြီး ခွဲထွက်ပုံရပါတယ်။ လောလောဆယ်တော့ Part 1 ကိုပဲ နားဆင်ဖြစ်သေးပြီး
သီချင်းပုဒ်ရေက ထူးခြားစွာပဲ (၅) ပုဒ်တည်း ပါဝင်ပါတယ်။ (၅) ပုဒ်ဆိုပေမယ့်လည်း ပြောစရာဖြစ်လောက်အောင်
ကောင်းမွန်ပါတယ်။ ဒီတေးသံရှင်လေးက သူ (၆) တန်းတက်နေချိန်လောက်မှာ Lady GaGa ရဲ့
Paparazzi သီချင်းကို စင်ပေါ်မှာ သီဆိုပြီး You Tube ကနေ လွှင့်တင်ခဲ့တာကြောင့် နာမည်ရလာသူလေး
ဖြစ်ပါတယ်။ ရှေ့မှာလည်း Hold On ‘Til The Night တစ်ကိုယ်တော်အယ်လ်ဘမ်ကို သြဂုတ်လ ၂
ရက်၊ ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ခု ဒီတေးအယ်လ်ဘမ်ကို သီချင်း
(၅) ပုဒ်တည်းနဲ့ ဖြန့်ချိခဲ့တာလည်း ထူးခြားမှု ရှိနေပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့သီချင်းတွေကတော့
Sunshine & City Lights, You Might Be The One, Lella, California Sky နဲ့
Take My Heart တို့ပဲ ဖြစ်ပါတယ်။ ချစ်စဖွယ် အသံလေးနဲ့ ပင်ကိုယ်ပါရမီ ပြည့်ဝသူလေးရဲ့
တေးအယ်လ်ဘမ်သစ်ကတော့ လူငယ်ပရိတ်သတ်တွေ အထူးသဖြင့် ဆယ်ကျော်သက် ပရိတ်သတ်တွေကို အများကြီး
ဆွဲဆောင်မှုပေးစွမ်းနိုင်မှာ သေချာပါတယ်။ အချစ်သီချင်းကောင်းလေးတွေလည်း ဖြစ်တာမို့ ခုလို
ဖေဖော်ဝါရီလ ဆယ်ကျော်သက်လေးတွေ ရင်ခုန်သံမြန်တဲ့ကာလလေးနဲ့လည်း တိုက်ဆိုင်လိုက်ဖက်နေပါတယ်။
နားဆင်ရင်ခုန်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
သီဟလုလင်
Labels:
Music Album Reviews
Subscribe to:
Posts (Atom)